
တောဆင်တို့ကို အရေခွံခွာရန် လိုက်လံ သတ်ဖြတ်ကြသည့်သတင်းများ ထွက်နေချိန်တွင် ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် အစီအစဉ်များကို ဒေသတချို့တွင် ပြုလုပ်နေကြသည်။
ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်တွင်လည်း ဧည့်သည်များပြားသည့် စနေနေ့က ဆင်တို့ကို အကာအကွယ်ပေးရေး အစီအစဉ် ပြုလုပ်ရာ ဆင်ထိန်းသိမ်းရခြင်း အကြောင်းအရာ ၊ ဆင်နှင့်လူများကြား ပြဿနာ၊ တောဆင်ရိုင်းမျာ၏ လတ်တလော အခြေအနေ၊ ဆင်ကျန်းမာရေး၊ ဆင်မှ ရရှိသည့် ကောင်းကျိုးတို့အကြောင်း ဟောပြောမှုလည်း ပါဝင်သည်။
နိုင်ငံတကာတွင်လည်း တောဆင်များ အလွန်အကျွံအမဲလိုက်ခံနေရသဖြင့် ဆင်ကောင်ရေထိန်းသိမ်းရေး ရည်ရွယ်ပြီး နှစ်စဉ် သြဂုတ် ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ (ဓာတ်ပုံများ - ပြည့်ပြည့်/Myanmar Now)









Comments
Post a Comment