NLD ၏ အလှူအတန်း



   အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပါတီထောက်ခံသူ အများအပြား ပူးပေါင်း ပြုလုပ်သည့် ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတို့ကို ရန်ကုန်တွင် သြဂုတ် ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည်။
သင်္ကန်းကျွန်းမြို့နယ်ရှိ မူလဆယ်တောင်ပြည့်ကျောင်းတိုက်တွင် ပြုလုပ်သော အစီအစဉ်တွင် လှူဒါန်းမှုစုစုပေါင်းမှာ သိန်း ၇,ဝဝဝ ကျော် ဖြစ်ကြောင်း၊ လှူဖွယ်ပစ္စည်းများမှာ ရန်ကုန်မှ ဘုန်းကြီးကျောင်း ၃၂၅ ကျောင်း၊ သီလရှင်ကျောင်း ၉၁ ကျောင်းတို့အတွက် ဖြစ်ကြောင်း အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဤအလှူနှင့် ပတ်သက်ပြီး "သာသနာ့ တာဝန် ဒို့တာဝန်" ဟု ခံယူထားကြောင်း သံဃာတော်များကို ပြောဆိုလျှောက်ထားခဲ့သည်ဟု သတင်းစာတွင် ရေးထားသည်။  (ဓာတ်ပုံများ - ပြည့်ပြည့်/Myanmar Now)
















Comments