နိုင်ငံတော်
အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲခံထားရတဲ့ ကလေးစစ်သားဟောင်း အောင်ကိုထွေး
အမှုကို စက်တင်ဘာ ၁ ရက်နေ့က စစ်တင်စစ်ဆေးတဲ့ ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးရှေ့မှာ လူတချို့က
သူ့လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ကလေးစစ်သား
အဖြစ် စုဆောင်းခံခဲ့ရပုံတွေအကြောင်း အသံလွှင့်ဌာနတစ်ခုကို ပြောကြားချက်တချို့နဲ့ ပတ်သက်ပြီး
ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်က သြဂုတ် ၁၈
မှာ တရားစွဲခဲ့တာပါ။
၂ဝ၁၅ ခုနှစ်က
သူငယ်ချင်း တစ်ဦးနဲ့အတူ နေပြည်တော်က ပြန်လာချိန် ရန်ကုန်ဘူတာကြီးမှာ စစ်သားအဖြစ် စုဆောင်းခံရခြင်းဖြစ်တယ်လို့
သိရပါတယ်။ (ဓာတ်ပုံများ - ထက်ခေါင်လင်း၊ ပြည့်ပြည့်/Myanmar Now)
[ သတင်းအပြည့်အစုံကို
မကြာခင် ဖော်ပြပါ့မယ် ]
Comments
Post a Comment