အစိုးရအရာရှိဟောင်းများအမှုမှ အာမခံလျှောက်ထားချက် ပယ်ချခံရ

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲ ခံရသူများဖြစ်သည့် ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးပြုံးချို အပါအ၀င် ငါးဦးကို စက်တင်ဘာ ၁၁ ရက်နေ့က  ရန်ကုန်တိုင်း တရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
တရားစွဲဆိုခံရသူ ငါးဦးအနက် တစ်ဦးဖြစ်သူ ဦးနေမျိုးထွန်း၏ အာမခံ လျှောက်ထားမှုကို ရန်ကုန်တိုင်း တရားသူကြီးက ပယ်ချခဲ့သည်။

တရားလိုပြသက်သေ ၂၇ ဦး တင်သွင်းထားကြောင်း၊  စက်တင်ဘာ ၁၈ ရက်နေ့တွင် ထပ်မံ ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ (ဓာတ်ပုံများ - ပြည့်ပြည့်/Myanmar Now)

ဆက်စပ်ဖတ်ရှုရန်
=========
ခြစားမှုဖြင့် ဖမ်းဆီးထားသောထိပ်တန်းအရာရှိများကို ရုံးထုတ်

http://www.myanmar-now.org/my/news/i/?id=7e926aa2-7df0-43ab-9b95-1818288930af







Comments