ကားလမ်းပိတ်ဆို့မှုနဲ့ နာမည်ကြီးတဲ့ ရန်ကုန်အတွက် အသက်ရှူချောင်အောင်လုပ်ပေးမယ့် မြစ်တွင်းပြေးသင်္ဘော သွားလာမှု ပိုမိုအဆင်ပြေဖို့ လိုအပ်နေပါတယ်
ရန်ကုန်မှာ
ရေကြောင်းသွား ခရီးသည်ပို့ဆောင်ရေးကို အောက်တိုဘာလ ၅ ရက်နေ့က စတင်မိတ်ဆက်ပြီးတဲ့နောက်မှာ
Yangon Water Bus လို့ ခေါ်တဲ့ ဒီပို့ဆောင်ရေး ပိုမို အဆင်ပြေစေဖို့အတွက် ဆက်လက် ဆောင်ရွက်မယ်လို့
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြောပါတယ်။
ဘတ်စ်ကားလိုင်းတွေ လှေဆိပ်နားအထိ တိုးချဲ့ဖို့ အမြန်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
လုပ်ပိုင်ခွင့်ရတဲ့
ကုမ္ပဏီက လှေ နဲ့ လှေဆိပ် အရေအတွက် တိုးချဲ့ဖို့ အစီအစဉ်ရှိတယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။
မြစ်တွင်းပြေး စက်လှေ ၅ စီးနဲ့ ပြေးဆွဲနေပြီး လက်မှတ်က ကျပ် ၃ဝဝ ဖြစ်ပါတယ်။ နှစ်ထပ်ယာဉ်မှာ ခရီးသည် ၂ဝဝ သယ်ဆောင်နိုင်ပြီး ရိုးရိုးယာဉ်မှာ ၁၂ဝ သယ်ဆောင်နိုင်ပါတယ်။
ဆိုက်ရောက်မယ့်လှေမှာ ပါလာမယ့် လူဦးရေနဲ့ တွက်ချက်ပြီး လက်မှတ်ကို ကန့်သတ် ရောင်းချတာကြောင့် လှေဆိပ်မှာ စောင့်ဆိုင်းနေရတဲ့သူတွေကို တွေ့ရမှာပါ။ လုပ်ငန်းခွင်ဝင်မည့်သူများ၊ အချိန်ကိုက် လုပ်ကိုင်ရသူများအတွက် အဆင်ပြေခြင်း မရှိသေးပါဘူး။
လမ်းပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေတဲ့ မြို့တော်ရန်ကုန်မှာ အသစ်ပေါ်လာတဲ့ YWB သင်္ဘောတွေကို စီးနင်းသူတွေထဲမှာ အလုပ်ဆင်း၊ အလုပ်ပြန်သူတွေ ပါဝင်သလို အသစ်အဆန်းကို စမ်းသပ်စီးနင်း လေ့လာသူတွေလည်း အများအပြား ပါဝင်နေပါတယ်။
ဗိုလ်တထောင်၊
နန်းသီတာ၊ လမ်းသစ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ပန်းလှိုင်၊ အင်းစိန်တို့မှာ ဆိုက်ကပ်တဲ့
YWB သင်္ဘောတွေက မနက် ၇ နာရီမှ ည ၈ နာ၇ီ အထိ
ပြေးဆွဲပေးလျက်ရှိပါတယ်။ (ဓာတ်ပုံများ - ပြည့်ပြည့်/Myanmar Now)
#PyaePyaeMyanmarNow
Comments
Post a Comment