ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးသည့် အစီအစဉ်

အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ် ကလေးများ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးတဲ့ အစီအစဉ်ကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်လိုက်ပါပြီ။

နိုဝင်ဘာ ၂၃ ရက်နေ့အထိ ထိုးပေးမယ်လို့ သိရပါတယ်။ ကာကွယ်ဆေးကို ညာဖက်လက်မောင်း အပေါ်ပိုင်းမှာ ထိုးပေးမှာဖြစ်တဲ့အတွက် ကလေးတွေ ကျောင်းသွားတဲ့အခါ အင်္ကျီလက်တို ပွပွလေးတွေ ဝတ်ပေးလိုက်ဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

အသက် ၉ လမှ ၅ နှစ်ကြား ကလေးများ ကာကွယ်ဆေးထိုးရမယ့် အစိအစဉ်ကတော့ ဒီဇင်ဘာ ၁၁ ကနေ ၂ဝ အထိ ဖြစ်ပါတယ်။ နိုဝင်ဘာမှ ဆေးထိုးဖို့ ကျန်သွားတဲ့ကလေးတွေလည်း ဒီဇင်ဘာဆေးထိုးရက်တွေမှာ ပါဝင်နိုင်မယ်လို့ သိရပါတယ်။
(ဓာတ်ပုံများ - ပြည့်ပြည့်/Myanmar Now)







Comments