ရှမ်းနှစ်သစ်ကူး အခမ်းအနား - ရန်ကုန်

ရှမ်းနှစ်သစ်ကူး အခမ်းအနားကို မြန်မာပြည်အနှံ့အပြားတွင် ပြုလုပ်ကြရာ ရန်ကုန်မြို့၊ ကိုးမိုင်​ရှိ နှီးဘုရားကျောင်း တွင်​ နိုဝင်​ဘာ ၁၉ (တနင်္ဂနွေနေ့) က  ပြုလုပ်​ခဲ့သည်​။

နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ဒေါ်အောင်ဆန်းစုကြည်ကလည်း  ၂၁၁၂နှစ်​​မြောက်​ ရှမ်းနှစ်​သစ်​ကူးပွဲတော်သို့ သဝဏ်လွှာ ပေးပို့သည့် သဝဏ်လွှာကို ထုတ်ပြန်ခဲ့သည်။
"ပြည်ထောင်စုကြီးရဲ့ သားသမီးများအားလုံး ခေတ်အဆက်ဆက် သံသယများ၊ ပဋိပက္ခများ အပြီးတိုင် ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးအသီးအပွင့်တွေ ခံစားနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးထားရစ်နိုင်ခဲ့ဖို့၊ တည်ငြိမ်အေးချမ်းပြီး စည်းလုံးညီညွတ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို ကောင်းမွေအဖြစ် ပေးအပ်နိုင်ခဲ့ဖို့ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အထင်ကရရှိလှတဲ့ ပင်လုံစိတ်ဓာတ်ကို အရင်းခံပြီး အောင်မြင်စွာ အတူ လက်တွဲ လျှောက်လမ်းကြပါစို့" ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။ (ဓာတ်​ပုံများ - ပြည့်​ပြည့်​/ Myanmar Now)












Comments