ကမ္ဘာတလွှား
အကြမ်းဖက်ခံရ၍ သေဆုံးသွားသော Transgender တို့အတွက် အောက်မေ့ ဆုတောင်းပွဲ
အမှတ်တရ အစီအစဉ်ကို နိုဝင်ဘာ ၂၀ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။
နှစ်စဉ် နိုဝင်ဘာ
၂ဝ ကို ဆန့်ကျင်ဖက်လိင်ကဲ့သို့ ဝတ်စားနေထိုင်သူများသို့ အောက်မေ့ဖွယ်နေ့
(The Transgender Day of Remembrance)အဖြစ် နိုင်ငံတကာတွင် သတ်မှတ်ထားသည်။
ကမ္ဘာတလွှားတွင်
Transgender ဟု ခေါ်ကြသည့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြုမူနေထိုင်သူတို့သည် ပစ်မှတ်ထား
အကြမ်းဖက်ခံနေရသည်။
ယခုနှစ် အမေရိကန်တစ်နိုင်ငံတည်းတွင်
သတ်ဖြတ်ခံရသည့် Transgender အရေအတွက်မှာ ၂၅ ဦးရှိသည်ဟု သိရသည်။ ယခင်နှစ်က သတ်ဖြတ်ခံရသူ
အရေအတွက်မှာ ၂၃ ဦး ဖြစ်သည်။
အမေရိကန်နိုင်ငံတွင်
၁၉၉၈ ခုနှစ်က သတ်ဖြတ်ခံရသော Transgender အမျိုးသမီး Rita Hester ကို ဂုဏ်ပြုသောအားဖြင့်
နိုဝင်ဘာ ၂ဝ အမှတ်တရ အစီအစဉ်ကို နှစ်စဉ် ကျင်းပလာကြခြင်း ဖြစ်သည်။
(ဓာတ်ပုံများ
- ပြည့်ပြည့်/Myanmar Now)
ဟဲလို တက်စတင် ၀မ်း တူး သရီး








Comments
Post a Comment